
ကြာရှည်စွာအသုံးပြုနိုင်ရန် ဘတ္ထရီပလိတ်ပြားများကို ကယ်လ်ဆီယမ်သတ္ထုစပ်နှင့် သန့်စင်သောခဲသားများကိုသာ အသုံးပြုထားတာကြောင့် အပူဒဏ်ခံနိုင်မှုမြင့်မားပြီး အပူချိန်မြင့်မားသော ပတ်ဝန်းကျင်မှာတောင် အသုံးပြုရန်သင့်တော်ခြင်း။

ပလိတ်ပြားများတွင် သတ္ထုဂျိုးတက်ရန် ခက်ခဲခြင်းကြောင့် ပုံမှန်ထက် ကြာရှည်စွာအသုံးပြုနိုင်ခြင်း။

ဘတ္ထရီအိုးအဖုံးအား နှစ်လွှာပြုလုပ်ထားသောကြောင့် ဘတ္ထရီအက်ဆစ်ရည်လျော့ပါးမှုကို ထိန်းထားနိုင်ခြင်း။

ခံနိုင်ရည်မြင့်မားပြီး လျှပ်ကူးအားမြင့်မားသော ပလိတ်ပြားများကို အသုံးပြုထားသောကြောင့် ကြာရှည်အသုံးခံနိုင်ခြင်း။

ပလိတ်ပြားများကြားတွင် ရှော့ဆားကစ်ဖြစ်ပေါ်မှုကို တားဆီးပေးနိုင်သော ခုခံအားနိမ့်လျှပ်ကာပြားများကို အသုံးပြုထား၍ မည်သည့်ရာသီဥတုအခြေအနေမှာမဆို ကောင်းမွန်တဲ့ စက်နှိုးနိုင်စွမ်းအားကို ပေးစွမ်းနိုင်ခြင်း။

Toyota Tsusho အသိအမှတ်ပြုပြီး စံချိန်စံညွှန်းများနှင့် အညီထုတ်လုပ်ထားတာကြောင့် Automotive ဈေးကွက်ထဲတွင် ယုံကြည်စိတ်ချရသည့် အရည်အသွေးမြင့် ဘတ္ထရီအမျိုးအစားဖြစ်ပါတယ်။