Driving Safety
ယခုချိန်အခါက မိုးရာသီအချိန်အခါဖြစ်တာကြောင့် Toyota Myanmar Aye and Sons က မိတ်ဆွေများကို မိုးရာသီမှာ ဘေးကင်းစွာနဲ့မောင်းနှင်နိုင်ဖို့ အောက်ပါအချက်တွေကို အသိပေးဖော်ပြလိုက်ပါတယ် 1. စိုစွတ်နေတဲ့လမ်းတွေဟာမော်တော်ယာဉ်ကကျတဲ့ဆီတွေနဲ့လမ်းချော် နေတက်သောကြောင့် ဖြည်းဖြည်းမောင်းဖို့လိုပါတယ်။ 2. မိုးတွင်းရောက်ပြီဆိုတော့ ကားရဲ့ ဝိုင်ဘာ၊ တာယာ၊ ရှေ့မီး နှင့် ဘရိတ်မီးတွေ ကောင်းမကောင်းကိုလည်း စစ်ဆေးဖို့လိုပါတယ်။ 3.စိုစွတ်တဲ့လမ်းပေါ်မှာ ကားရပ်ဖို့အတွက်အချိန်က ခြောက်သွေ့တဲ့လမ်းပေါ်မှာကားရပ်တာထက်သုံးဆပိုပြီးကြာမြင့်ပါတယ်။ ကားကိုဘရိတ်နင်းတာနဲ့ချက်ချင်းရပ်မသွားနိုင်လို့ ရှေ့ကားနဲ့အကွာအဝေးကို ဂရုစိုက်ပြီး ဘရိတ်မီးကိုလဲ သတိပြုဖို့လိုပါတယ်။ 4. ထရပ်ကားများ နှင့် ဘတ်စ်ကားဘီးတွေကနေ ရေတွေကသင့်ကားမှန်ကို စင်ရင် အမြင်တွေဝေဝါးနိုင်လို့ ခပ်ခွာခွာကပဲ မောင်းသင့်ပါတယ်။ 5. မိုးနဲနဲပဲရွာခဲ့ရင်တောင်မှ ကားရှေ့မီးကိုဖွင့်မောင်းသင့်ပါတယ်။ TOYOTA ကားနှင့်ပတ်သက်ပြီး အသေးစိတ် စစ်ဆေးမှုများကို လည်းToyota Myanmar – Aye […]