Toyota Hilux Series Launch (Oct 1st, 2020)

Toyota Hilux Series Launch

(Oct 1st, 2020)

“သူမတူတဲ့ အသွင်အပြင် နဲ့ မြန်မာနိုင်ငံကို ပုံပြောင်းရောက်ရှိလာတဲ့ Toyota Hilux ”

၁၉၆၈ခုနှစ် ထဲက စတင်ထုတ်လုပ်ပြီးတော့ အခုချိန်ထိ အသုံးဝင်ပြီးကြံ့ခိုင်တဲ့ စွမ်းဆောင်ရည်ကို ပေးလျှက်ရှိသော Toyota Hilux Revo 8 generation ရဲ့ မျိုးဆက်အသစ်ဖြစ်တဲ့ Revo Adventure ကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်ပေးလိုက်ပါပြီ။

Toyota Hilux Series မှာဆိုရင် အမျိုးအစား ၃ မျိုးခွဲခြားထားပြီး Single Cab, Extra Cab နဲ့ Double Cab အပြင် Adventure grade ကို Toyota Aye and Sons မှာ ဝယ်ယူလို့ရနေပါပြီ။

ဈေးနှုန်းတွေကတော့

Toyota Hilux Revo Single Cab – (20,700 USD) ,

Toyota Hilux Revo Extra Cab (28,300 USD) ,

Toyota Hilux Revo Double Cab (37,700 USD – 47,300 USD) နဲ့

Toyota Hilux Revo Adventure Double Cab (50,600 USD) ဖြစ်ပါတယ်။

Toyota Aye and Sons sale and service center ရဲ့ တည်နေရာကတော့ အမှတ် ၈၇(က) ၊ ကမ္ဘာအေးဘုရားလမ်း၊ပုလဲကွန်ဒိုအနီး ၊ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့မှာဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက ဖုန်း 09750142703 ,09790940333,09750229721,09250296590 ,09787784890 ,09752959066 ,09750127840 ,09765244003 ကို မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်။

“အကောင်းမွန်ဆုံး အင်ဂျင်ရုန်းအားနဲ့အတူ Toyota Hilux Revo Extra Cab “

တောင်ပေါ်ဒေသမှာဖြစ်ဖြစ် မြေပြန့်ဒေသမှာဖြစ်ဖြစ် လုပ်ငန်းသုံးဖို့အတွက် အထူးသင့်တော်သည့် ကားကိုပြပါဆို TOYOTA Hilux Revo Extra Cab ရှိပါတယ်ရှင်

Toyota Hilux Revo Extra Cab ကို 2GD-FTV engine ကို အသုံးပြုထားပြီး Engine Power မှာ 2.4L VN Turbo Diesel Engine ဖြစ်တဲ့အတွက် အကောင်းမွန်ဆုံး အင်ဂျင်စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

6-speed Manual Transmission Type ဖြစ်ပြီး အသံကာ(insulating)ပစ္စည်းများ၊ တုန်ခါမှုလျော့ပါးစေသည့် ပစ္စည်းများကိုကား၏ကြမ်းခင်း၊ အင်ဂျင် ခန်းများတွင် နည်းစနစ်ကျကျ ထည့်သွင်းထားသောကြောင့် ခရီးသည်များအဖို့ ဆိတ်ငြိမ်မှုကိုခံစားရရှိစေနိုင်ပါတယ်။

Suspension အနေနဲ့ အရှေ့ဘက်ကို Double wishbone သုံးထားပြီး အနောက်ဘက်ကို Leaf spring rigid axle ကို သုံးထားတာဖြစ်ပါတယ်။

တောင်ပေါ်ဒေသတွေနဲ့ ကြမ်းတမ်းတဲ့လမ်းနေရာတွေမှာ မောင်းနှင်ချိန်တွင်လည်း အဆင်ပြေစေရန် 2WD မှ 4WD သို့ အချိန်ပိုင်းပြောင်းလဲပေးနိုင်သော စနစ်လည်းပါဝင်ပါတယ်။

Safety ပိုင်းအနေဖြင့် Hill-start Assist Control (HAC), Downhill Assist Control (DAC), Trailer Sway Control (TSC), Vehicle Stability Control (VSC) နဲ့ Anti-Lock Braking System (ABS) စနစ်များလဲပါဝင်ပါတယ်။

ဆီစားနှုန်းသက်သာပြီး အကြမ်းခံဒီဇိုင်းဖြင့်ထုတ်လုပ်ထားသည့် Toyota Hilux Revo Extra Cab ကားရဲ့ စျေးနှုန်းလေးကတော့ USD 28, 300 ဖြစ်ပါတယ်ရှင်

“အကြမ်းခံပြီး အထက်တန်းဆန်တဲ့ ခံစားမှုကို ရရှိစေမည့် Toyota Hilux Revo Double Cab”

ခေတ်မှီတဲ့ ဒီဇိုင်းနဲ့ ပွဲထွက်ထားတဲ့ Toyota Hilux Revo Double Cab ကို

ခရီးကြမ်းများအတွက် အသုံးပြုမလား…

မိသားစုအပန်းဖြေခရီးထွက်ဖို့အတွက် အသုံးပြုမလား…

နှစ်သက်သလို အသုံးပြုလို့ရလို့ လူကြီးမင်းတို့အတွက် အဆင်ပြေစေပါတယ်ရှင်။

Toyota Hilux Revo Double Cab ကို (1GD-FTV) Engine ဖြင့် ထုတ်လုပ်ထားပြီး Engine Power က 2.8L VN turbo Diesel ဖြစ်ပါတယ်။ Eco Control System ပါရှိလို့ ဆီစားနှုန်းကိုလဲ အလွန်သက်သာစေပါတယ်။

Smart Key (Push Start) စနစ်ဖြစ်သောကြောင့် ကားတံခါးဖွင့်ခြင်း၊ပိတ်ခြင်း၊ ကားစက်နှိုးခြင်း၊ ကားစက်ရပ်ခြင်းတို့ကို လွယ်ကူရှင်းလင်းစွာပြုလုပ်နိုင်ပါတယ်။

Part-time Transfer Switch ပါဝင်သောကြောင့် တောင်တက်လမ်းနဲ့ ရိုးရိုးလမ်းတွေအတွက် 4WD နဲ့ 2WD ကို လိုအပ်သလို ပြောင်းလဲ မောင်းနှင်နိုင်ပါတယ်။

6 Speed Automatic transmission ဖြစ်ပြီး ရေမြှုပ်ပုံစံ အသံစုပ်ယူပေးသည့် ပစ္စည်းများတပ်ဆင်ပေးထားတာဖြစ်လို့ ပြင်ပကလာတဲ့အသံများကို လျော့ချစေတဲ့အပြင် အင်ဂျင်ခန်းကဆူညံသံများကိုလည်း အတွင်းခန်းထဲသို့ရောက်ရှိမှုနည်းအောင်

Fender အကာတွေနဲ့ Cowl panel seals များကို ထည့်သွင်းထုတ်လုပ်ပေးထားလို့ စီးနင်းသူရော မောင်းနှင်သူပါ စိတ်ကျေနပ်မှုကို အပြည့်အဝရရှိစေမှာဖြစ်ပါတယ်။

Suspension အနေနဲ့ အရှေ့ဘက်ကို Double wishbone သုံးထားပြီး အနောက်ဘက်ကို Leaf spring rigid axle ကို သုံးထားတာဖြစ်ပါတယ်။

Safety ပိုင်းအနေဖြင့် Hill-start Assist Control (HAC), Downhill Assist Control (DAC), Trailer Sway Control (TSC), Vehicle Stability Control (VSC) , Emergency Brake Signal နဲ့ Anti-Lock Braking System (ABS) စနစ်များအပြင် Toyota Safety Sense ဖြစ်တဲ့ Pre-Collision System (PCS) , Dynamic Radar Cruise Control (DRCC)နဲ့ Lane Departure Alert (LDA) စနစ်များပါဝင်တဲ့အတွက် လုံခြုံစိတ်ချမှုကို အပြည့်အဝပေးစွမ်းနိုင်ပါတယ်။

အဆင့်မြင့်ပြီး တိကျသေချာတဲ့ ပေါင်းစပ်မှုများနှင့် ဖွဲ့စည်းထားတဲ့ Toyota Hilux Revo Double Cab ကားရဲ့ စျေးနှုန်းလေးကတော့ USD 50,600 ဖြစ်ပါတယ်ရှင်