Toyota 3 Models Launch (Nov 11th, 2020)

Toyota 3 Models Launch

Vios / Innova / Fortuner

(Nov 11th, 2020)

“သာလွန်သော စွမ်းဆောင်ရည်အားများနဲ့ အသစ်ထပ်မံ ပွဲထွက်လာတဲ့ Toyota Brand New Cars”

Toyota Brand ဆိုတဲ့အတိုင်း တောင့်တင်းမာကြောတဲ့ကိုယ်ထည်နဲ့ ဖွဲ့စည်းတည်ဆောက်ထားပြီး ကားအမျိုးအစားအလိုက် သင့်တော်တဲ့ စျေးနှုန်းနဲ့ Smart ကျကျစီးလို့ရတဲ့ Toyota Vios , Innova နဲ့ Fortuner ကားများကို Toyota Aye and Sons မှ မိတ်ဆက်ပေးလိုက်ပါပြီရှင်

ပထမဦးဆုံး Toyota Vios

Toyota Vios ရဲ့ Engine Power က 1.3 L ဖြစ်ပြီး 1NR-FE Dual VVT- i engine ကို အသုံးပြုထားလို့ ဆီစားသက်သာတာကတော့ပြောစရာမလိုတော့ပါဘူးနော်။

Smart Entry and Push start ဖြစ်သွားလို့ Smart ကျစေပြီး Bluetooth စနစ်လဲ ပါဝင်တာကြောင့် သီချင်းဖွင့်မလား ဖုန်းပြောမလား အကုန်အဆင်ပြေစေပါတယ်နော်။ နောက်ပြီး…… Follow-Me- Home System သစ်ပါဝင်လာလို့ ညဘက် အမှောင်ထဲမှာ အိမ်ထဲကို လင်းလင်းထင်းထင်း၊ အန္တရာယ်ကင်းစွာ ဝင်ရောက်လို့ရပါတယ်ရှင့်။

‌ပြောင်းလဲမှုတွေနဲ့ ရောက်ရှိလာတဲ့ Toyota vios ကို USD 20,900 ဖြင့် Toyota Aye and Sons မှာ ဝယ်ယူအားပေးနိုင်ပါတယ်ရှင်။

ဒုတိယအနေဖြင့် Toyota Innova

Toyota Innova ရဲ့ Engine Power က 2.0 L ဖြစ်ပြီး 1TR-FE Dual VVT- i engine ကို အသုံးပြုထားလို့ စွမ်းဆောင်ရည်မြင့်မားတဲ့ ကားတစ်စီးဆိုမမှားပါဘူးနော်။

Smart Entry and Push start ဖြစ်လို့ Smart ကျစေပြီး ဒုတိယတန်းခုံက Captain Seat ပြောင်းလဲတပ်ဆင်ထားတဲ့ New Toyota Innova ကလူကြီးမင်းတို့အတွက် သက်သောင့်သက်သာဖြစ်စေမှာပါ။ Follow-Me- Home System သစ်လဲ ထပ်မံထည့်ပေးထားပါတယ်နော်။ ‌

အသစ်အသစ်တွေနဲ့ ပြောင်းလဲဖွဲ့စည်းထားတဲ့ Toyota Innova ကို USD 34,100 ဖြင့် Toyota Aye and Sons မှာ ဝယ်ယူအားပေးနိုင်ပါတယ်ရှင်။

နောက်ထပ်အနေနဲ့ Toyota Fortuner

Toyota Fortuner ရဲ့ Engine Power က 2.8 L ဒီဇယ်ကား ဖြစ်ပြီး 1GD-FTV VN Turbo diesel with inter Cooler engine ကို အသုံးပြုထားလို့ စွမ်းဆောင်ရည် အလွန်ကောင်းမွန်တာကို တွေ့ရမှာပါ။

Smart Entry and Push start ဖြစ်ပြီး 6 Speed Auto Transmission Type ဖြစ်ပါတယ်။ အတွင်းခန်း ရှေ့ခုံ ၂ ခုံလုံးကို Power Seat များထပ်ဆင်ပေးထားလို့ သက်သောင့်သက်သာဖြင့် စီးနင်းနိုင်ပါတယ်နော်။

အကောင်းမွန်ဆုံး Feature များဖြင့် ဖွဲ့စည်းထားတဲ့ Toyota Fortuner ကို USD 57,600 ဖြင့် Toyota Aye and Sons မှာ ဝယ်ယူအားပေးနိုင်ပါတယ်ရှင်။

Review Video

Facebook Live Video