ကား Coating ဆိုတာ ဘာလဲ ?

Coating ဆိုတာကတော့ ဓာတုဓာတ်ပစ္စည်းများဖြင့် ကားဆေးသားကို ကာကွယ်ထားခြင်းဖြစ်ပါတယ်။

သင့်ကားကို တောက်ပစေဖို့ ၊ အသေးစား အစင်းရာအခြစ်ရာများ ၊ သံချေးတက်ခြင်း နှင့် အရောင်မှိန်ခြင်းများ ကာကွယ်ဖို့ လူကြိုက်များတဲ့ Car Care ဝန်ဆောင်မှုတစ်ခုလည်းဖြစ်ပါတယ်။

 

ဘာကြောင့် ကား Coating လုပ်ပေးဖို့ လိုတာလဲ ?

ဆေးမှုတ်ထားတဲ့ မျက်နှာပြင်သည် အမျိုးမျိုးသော ပျက်ဆီးမှုများကြောင့် ယိုယွင်းလာနိုင်သည် သို့သော် ပါးလွှာသောအလွှာတစ်ထပ်ဖြင့် မျက်နှာပြင်မှာ Coating လုပ်ထားခဲ့မယ်ဆို ယင်းပျက်ဆီးမှုတွေကို ကာကွယ်နိုင်မည်ဖြစ်သည်။ နောက်ပြီး ရေဂျိုးများ ၊ UV ကြောင့်ဖြစ်သည့် ကားအရောင်မှိန်ခြင်းကိုလည်း Coating က ကာကွယ်ပေးနိုင်ပါတယ်။ Coating ကြောင့် အညစ်အကြေးကပ်တွယ်မှုနည်းပြီး ကိုယ်တိုင် သန့်ရှင်းရလွယ်ကူစေမှာဖြစ်ပါတယ်။

 

Toyota Aye and Sons ရှိ ကား Coating ဝန်ဆောင်မှုကတော့

    1.ကားရေဆေးခြင်း ။

ပထမဦးဆုံးအနေဖြင့် ကားဘော်ဒီတစ်ခုလုံးကို ကားသုံးဆပ်ပြာဖြင့် အညစ်အကြေးတွေကို အထပ်ထပ် ဆေးကြောသန့်စင်ပြီး အညစ်အကြေးတွေကို တိုက်ချွတ်သန့်စင်ပေးမှာဖြစ်ပါတယ်။

 

  1. Polishing and degreasing

ကားမျက်နှာပြင်ကို အခြောက်ခံထားပြီး ကားဘော်ဒီကို polish လုပ်မှာဖြစ်ပါတယ် ။ ဒါကတော့ အသေးစားအစင်းအရာအခြစ်ရာများနှင့် အညစ်အကြေးများကို ဖယ်ရှားပြီး နောက်ဆုံးတွင် ချောမွေ့သွားစေဖို့ ဖြစ်ပါတယ်။ ဒီအဆင့်ကတော့ Coating မှာ အရေးကြီးတဲ့အဆင့်ပဲဖြစ်ပါတယ်။

Polish လုပ်ပြီးတဲ့နောက်မှာ ဖယ်ရှားဖို့ ခက်ခဲတဲ့ အဆီနှင့်အညစ်အကြေးများကို အသေးစိတ် Polish လုပ်ပေးမှာဖြစ်ပါတယ်။

 

  1. Coating ဆောင်ရွက်ခြင်း ။

Polish အဆင့်ပြီးရင်တော့ ရေမှုန် နဲ့ ဖုန်မှုန့်တွေကို မကပ်တွယ်နိုင်အောင် သီးသန့်အခန်းတစ်ခုအတွင်းမှာ Coating စလုပ်မှာဖြစ်ပါတယ် ။

အဆင့်ဆင့်ပြုလုပ်ပြီးတဲ့နောက်မှာတော့ ကားသစ်နဲ့ မခြား ကားအရောင်တောက်ပြောင်ဝင်းလက်လာတာကို တွေ့မြင်ရမှာပါ။

 

Toyota Aye & Sons တွင် Car Coating ပရိုမိုးရှင်းကို ယခုပဲရယူလိုက်ပါ !

ဇူလိုင်လအတွင်း Coating ဆောင်ရွက်သူတိုင်းကို 20% Discounts ဈေးလျော့ပေးနေပြီမို့ သက်သာသောဈေးနှုန်းဖြင့် အရည်အသွေးအထူးကောင်းမွန်သည့် ဝန်ဆောင်မှုကို အခုပဲ ရယူကြရအောင်နော် ။