Trade_In Services(Myanmar Translation)

ကားစစ်ဆေးရန်အတွက်ရက်ချိန်းတောင်းဆိုမှု

မြန်မာယူနီကုဒ် ဖြင့်သာ ဖြည့်စွက်ပေးပါရန်

“ကားစစ်ဆေးရန်အတွက် ရက်ချိန်းတောင်းဆိုမှု” ကိုနှိပ်ခြင်းအားဖြင့်ကျွန်ုပ်တို့၏ “စည်းကမ်းနှင့်သတ်မှတ်ချက်များ” ကိုသဘောတူပါသည်။

သက်ဆိုင်ရာ၀န်ထမ်းများမှ လူကြီးမင်းကို မကြာမီဆက်သွယ်ပါလိမ့်မည်။

ဖုန်းဖြင့်လည်းဆက်သွယ်နိုင်ပါသည်

တယ်လီဖုန်းနံပါတ် –   ၀၁  ၅၄၀ ၇၄၀ လိုင်းခွဲ ( ၁၀၆ ) , ၀၉ ၈၈၃ ၄၈၆ ၀၂၈

ရုံးဖွင့်ချိန် – မနက် ( ၉ )နာရီ မှ ညနေ ( ၃ )နာရီ အထိ ၊ (တနင်္လာနေ့ မှ သောကြာနေ့)

ပိတ်ရက် – အစိုးရရုံးပိတ်ရက်များ

လုပ်ထုံးလုပ်နည်းများ

  • ဘွတ်ကင်ပြုလုပ်ခြင်း

    ကားစစ်ဆေးရန်အတွက် သက်ဆိုင်ရာဌာနကို တယ်လီဖုန်းနံပါတ် ၀၁ ၅၄၀၇၄၀ – လိုင်းခွဲ ( ၁၀၆ ) , ၀၉ ၈၈၃ ၄၈၆ ၀၂၈ (သို့မဟုတ်) စာမျက်နှာအပေါ်ဆုံးတွင်ရှိသော“ကားစစ်ဆေးရန်အတွက်ရက်ချိန်းတောင်းဆိုမှု” ကိုနှိပ်ပြီး လူကြီးမင်း၏ အချက်အလက်များကို ဖြည့်စွက်ကာ ဘွတ်ကင်ရယူနိုင်ပါသည်။

  • ကားစစ်ဆေးခြင်း

    လူကြီးမင်း၏ ကားကို စံနှုန်းများကိုက်ညီမှုရှိမရှိ စစ်ဆေးရန်အတွက် တိုယိုတာအရောင်းဌာနသို့ ကားနှင့်အတူ လူကိုယ်တိုင်လာနိုင်ရမည် ။ တိုယိုတာမှ အခမဲ့စစ်ဆေးပေးသွားမည် ဖြစ်ပြီး ကြာမြင့်ချိန် ၁ နာရီခန့် ဖြစ်ပါသည် ။

  • ချိတ်ဆက်ဆောင်ရွက်ပေးခြင်း

    လူကြီးမင်းတို့၏ ကား အမြန်ဆုံးအရောင်းထွက်နိုင်ရန်အတွက် ယုံကြည်စိတ်ချရသည့် ဝယ်လက်များနှင့် တိုယိုတာမှ ချိတ်ဆက်ဆောင်ရွက်ပေးပါသည် ။ အနည်းဆုံး အချိန် ၄ ရက်ခန့် ကြာမြင့်မည်ဖြစ်ပါသည် ။

  • စျေးနှုန်းရရှိခြင်း

    ဝယ်သူအများအပြားထဲကမှ အမြင့်ဆုံးပေးသည့် စျေးနှုန်းကိုသာ လူကြီးမင်းတို့ ရရှိစေရန် တိုယိုတာမှ ချိတ်ဆက်ညှိနှိုင်းပေးပြီး ၃ ရက်အတွင်း အကြောင်းကြားပေးခြင်း ။

    • ရရှိသည့်စျေးနှုန်းအား ရောင်းသူမှ ကျေနပ်မှုရှိပါက ကား ပို့ဆောင်ရေးအတွက် အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးခြင်း ။
    • ကျေနပ်မှုမရှိပါက ဝယ်သူနှင့် ပြန်လည်ညှိနှိုင်းပေးခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေးခြင်း ။
  • ကားပို့ဆောင်ပေးခြင်း

    အရောင်းအဝယ်စိတ်တိုင်းကျပါက လူကြီးမင်း၏ ကားကို တိုယိုတာသို့ လာရောက်အပ်နှံရမည်ဖြစ်ပြီး ‌ငွေသားလာရောက် ထုတ်ယူနိုင်ခြင်း ။

ကားအလဲအထပ် ဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူးများ

  • အခမဲ့စစ်ဆေးဆောင်ရွက်နိုင်ခြင်း

    လူကြီးမင်းတို့၏ ရောင်းချလိုသည့်ကားများအတွက် တိုယိုတာမှ အခမဲ့စစ်ဆေးပေးခြင်း ။

  • အချိန်ကုန်သက်သာစေခြင်း

    လူကြီးမင်းတို့၏ ကားများကို ရောင်းချရာတွင် အချိန်ကုန်၊ လူပင်ပန်းခံစရာမလိုဘဲ တိုယိုတာသို့ အပ်နှံလိုက်ရုံဖြင့် အမြင့်ဆုံးစျေးနှင့်အတူ အရောင်းထွက်စေခြင်း ။

  • အမြင့်ဆုံးစျေးနှုန်းရရှိစေခြင်း

    တိုယိုတာမှ ချိတ်ဆက်ရောင်းချပေးနေသည့် ဝယ်သူ ၁၀ ဦးထက်မနည်း ရှိနေခြင်းတို့ကြောင့် ကားလေလံစျေးနှုန်း အမြင့်ဆုံးရရှိစေခြင်း ။

လူကြီးမင်းတို့ ရောင်းချလိုသည့်ကားများကို အခမဲ့စစ်ဆေးပေးပြီး အမြန်ဆုံး‌ချိတ်ဆက်ရောင်းချပေးခြင်း နှင့်  အမြင့်ဆုံးစျေးနှုန်းပေးမည့် ဝယ်သူအများအပြားရှိခြင်း‌တို့ကြောင့် အချိန်ကုန် လူပင်ပန်းခံနေစရာမလိုဘဲ ကားအရောင်းထွက်‌စေနိုင်ပါတယ်။

ဖုန်းနံပါတ် ၀၁- ၅၄၀ ၇၄၀ လိုင်းခွဲ ( ၁၀၆ ) , ၀၉၈၈၃ ၄၈၆ ၀၂၈ သို့ဆက်သွယ်၍‌သော်လည်းကောင်း ၊ “ကားစစ်ဆေးရန်အတွက်ရက်ချိန်းတောင်းဆိုမှု”   ကိုနှိပ်ပြီး လိုအပ်သည်များဖြည့်စွက်ကာ ဘွတ်ကင်ရယူနိုင်ပါပြီ ။